NUG PDF ကို အပြတ်ချေမှုန်းမယ်ကနေ အလင်းဝင်ရင် ကြိုဆိုမယ်ဆိုတာ မနိုင်တော့ပါဘူး ဝန်ခံလိုက်တဲ့သဘောပဲ

ယနေ့တွင် PDF များအလင်းဝင်ပါက ကြိုဆိုမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ကြေငြာချက်ထုတ်ရာ နိုင်ငံရေး စစ််ရေးလေ့လာသူများမှ

“အရင်ကတော့ သူကိုယ်တိုင်ပြောခဲ့တာပဲ အပြတ်ချေမှုန်းမယ်ဆိုပြီး အခုလို ပြောင်းလဲသွားတာ မနိုင်တော့လို့ ဗျူဟာပြောင်းသွားတာပဲ ခက်တာက PDF က လက်နက်ချဖို့နေနေသာသာ သူ့စစ်သားတွေတောင် PDF EAO တွေဆီ အလင်းပြန်ဝင်နေကြတာဆိုတော့ ဒီဗျူဟာလည်း အရင်နည်းလမ်းတွေလိုပဲမအောင်မြင်နိုင်ဘူး” ဟုပြောဆိုခဲ့ပြီး

တိုင်းရင်းသား တပ်မှူးတစ်ဦးမှ
“ဒါကတော့ တွက်ဆလို့ရပါတယ် အပြတ်ချေမှုန်းမယ်ကနေ အလင်းဝင်ရင် ကြိုဆိုမယ်ဆိုတာ မနိုင်တော့ပါဘူး သွယ်ဝိုက်ဝန်ခံလိုက်တာပဲ အရင်လည်း AA KNU စတဲ့အဖွဲ့တွေတုန်းကလည်း မနိုင်တော့ဘူးဆိုရင် ဒါမျိုးတွေ ထုတ်တာပဲ” ဟု သုံးသပ်ပြောကြားခဲ့သည်

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများ အားကြိုဆိုလက်ခံသွားမည်ဟု နစက ထုတ်ပြန်

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဥ်များ၌ ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက် နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှပြန်လည်ဝင်ရောက်လိုသူများအား ကြိုဆိုလက်ခံသွားမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ မှအသိပေးထုတ်ပြန်ခဲ့သည်။

နစက ၏ထုတ်ပြန်ချက်တွင် နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊တိုင်းရင်းသားအရေးအရသ ဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအား ထိခိုက်ခဲ့ရသည်ဟု ရေးသားထားသည်။

Zawgyi