အမှုလျော်ကြေးဒေါ်လာ(၁၅)သန်းကို တစ်ပြားမှမယူဘူးလို့ဆိုလာတဲ့ မင်းသားကြီး Johnny Depp

ယောကျာ်းပီသစွာ ခန့်ညားကြည်လင်ပြီး ကပ္ပတိန်ဂျက်စပဲရိုးလို့ လူသိများကျော်ကြားတဲ့ Johnny Depp တစ်ယောက် သိပ်မကြာခင်က သူ့အပေါ် ရက်စက်လွန်းခဲ့တဲ့ Amber Heard ကို အသရေဖျက်မှုနဲ့ တရားစွဲကာ အမှုနိုင်ခဲ့တာ ပရိတ်သတ်တွေသိကြမှာပါ။

ဒီလို အသရေဖျက်မှု နဲ့ တရားစွဲခဲ့ရာမှ အနိုင်ရရှိခဲ့တဲ့အတွက် အမှုအတွက် လျော်ကြေးငွေ ဒေါ်လာ(၁၅)သန်းကို ဇနီးဟောင်းဖြစ်သူ Amber Heard က Johnny Depp အား ပေးဆောင်ရမယ်လို့ ဂျူရီတရားသူကြီးများကအမိန့်ချမှတ်ခဲ့ပါတယ်။

သို့သော် အခုအခါ Johnny Depp ပြောကြားလာတာက Amber Heard ပေးဆောင်ရမယ့်ဒေါ်လာ(၁၅)သန်းလုံးကို တစ်ပြားမှမယူဘူးဆိုတာပဲဖြစ်ပါတယ်။ Johnny Depp က “ ကျွန်တော်ကအမှန်တရား တစ်ခုပဲလိုချင်တာပါ။ ငွေတွေမဟုတ်ပါဘူး၊ ကျွန်တော်တော့အတွက် အမှန်တရားနဲ့ အနုပညာ ဂုဏ်သိက္ခာကသာ အရေးကြီးပါတယ်၊ ကျွန်တော်‘Amber’ကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး။ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးသုံးပြီး ကို့မိန်းမကို

အကြမ်းဖက်မှုတွေရှိနေတော့ ကျွန်တော့်ကို ပထမပိုင်း Amber စွပ်စွဲခဲ့တာတွေက အဲဒီအရာတွေနဲ့ဆက်စပ်ပြီး သတင်းမီဒီယာတွေရဲ့ အစာဖြစ်သွားတာပါ။”လို့ ပြောသွားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေအနေနဲ့လည်း Johnny Depp ကိုအတော်လေးချီးကျူးနေကြပါတယ်။ အရမ်းစိတ်ထားကောင်းတဲ့ ဘဲကြီး ဒီ့ထက်ပိုအောင်မြင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Zawgyi