စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဇွန်လ(၉)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည့် ဗိုလ်သံမဏိမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ်ခေါင်းဆောင် ရဲဘော်ကျော်မြ၏ အငယ်ဆုံးသားဖြစ်ကြောင်း သိရသည်။
ရဲဘော်ကျော်မြသည် ဗြိဟ်သျှ ကိုလိုနီအစိုးရကို ဆန့်ကျင်သော ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်တွင် ရခိုင်ကျောင်းသားများကို ဦးဆောင်ခဲ့သူ၊ ကွန်မြူနစ်ပါတီ (ဗမာပြည်)ကို သီးခြားဖွဲ့စည်းခဲ့ရာတွင် သူသည် သခင်သန်းထွန်းဦးဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၌သာ ဆက်လက်လုပ်ကိုင်ပြီး ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရာသို့ လိုက်ပါခဲ့သူဖြစ်သည်။
ဒါ့အပြင် ဗမာပြည်ကွန်မြူနစ်ပါတီ CPB ရခိုင်ပြည်နယ်ကို တည်ထောင်ခဲ့ရာ ရခိုင်ပြည်နယ်အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး CPB ရခိုင်ပြည်နယ်၏ အဓိက ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
ယခု စစ်ကောင်စီနှင့်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ဗိုလ်သံမဏိသည် ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အင်အား ၁၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်း နှင့် တိုက်ပွဲဖြစ်ကာ အခြားပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးနှင့်အတူ ကျဆုံးခဲ့ရသည်။
တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဗိုလ်သံမဏိသည် အသက် ၆၀ နှစ်ခန့်အရွယ်ရှိပြီး ၈၈ အရေးခင်းဖြစ်စဉ်ကတည်းက တက်ကြွလုပ်ရှားခဲ့သူဖြစ်သည်။ ကျန်ရဲဘော်နှစ်ဦးမှာ အသက် ၂၀ နှစ်ခန့်အရွယ်ရှိကြောင်း သိရသည်။
Tachileik News Agency (12 Jun 2022)