သူမရဲ့ ပုံတူပန်းချီကားကို နာမည်ကြီး ပန်းချီဆရာကြီး ဦးသစ္စာနီကတောင် ရေးဆွဲဂုဏ်ပြုခြင်း ခံလိုက်ရတဲ့ မြနှင်းရည်လွင်

 

MRTV-4 မှထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အဆိပ်သွေးဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု့ကို ပိုမိုရရှိလာခဲ့တဲ့ မြနှင်းရည်လွင် ဟာ

လက်ရှိမှာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ သူမဟာ အာဏာစသိမ်းတဲ့နေ့မှစပြီး အခုလက်ရှိအချိန်အထိတိုင်

အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေသူတစ်ဦးပဲဖြစ်ပါတယ်။ ပြည်သူတွေအားလုံး

 

 

အမှန်တရားအတွက် လမ်းမပေါ်ထွက် ဟစ်ကြွေးကြတဲ့အချိန်ကတည်းက ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့တဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဒါ

ကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရပေမယ့် မြနှင်းရည်လွင် ဟာ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတတ်ရောက်ပြီး လက်နက်ကိုင်စွဲပြီး

ဆက်လက်တွန်းလှန်နေဆဲဖြစ်ပါတယ်။

 

 

မြနှင်းရည်လွင် ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မသိသူမရှိအောင် အရင်ကထက် ပိုမိုများလာပါတယ်။ သူမရဲ့ စိတ်ဓာတ်ကိုလေးစားပြီး သူမပုံ

ကိုမြတ်နိုးတန်ဖိုးထားပြီး ဂုဏ်ပြုရေးဆွဲပေးကြတဲ့ ပန်းချီပညာရှင်များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ နာမည်ကြီးပန်းချီဆရာကြီး

တစ်ဦးဖြစ်တဲ့ ဆရာသစ္စာနီကိုယ်တိုင်ရေးဆွဲထားတဲ့ မြနှင်းရည်လွင် ရဲ့ပုံတူပန်းချီကားလေးကတော့

 

 

လက်ရာမြောက်ပြီး အသက်ဝင်လွန်းလှပါတယ်။ ပန်းချီကားလေးရဲ့ နာမည်လေးကိုတော့ “သူမ” လို့နာမည်ပေးထားပြီးတော့ မြန်မာနွေဦး

တော်လှန်ရေးအတွက် ဆရာကြီးရေးဆွဲထားတဲ့ ၁၃ချပ်မြောက်ပန်းချီကားလေးပဲဖြစ်ပါတယ်။ ဒီပန်းချီကားလေးကိုတော့ မြနှင်းရည်လွင် ကသူမရဲ့

ဖေ့ဘွတ်မှာ ပြန်လည်မျှဝေထားတာကိုလဲ တွေ့ရပါတယ်။ ဆရာကြီးဟာ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက် အတွက်လဲ ပုံတူပန်းချီရေးဆွဲပေးခဲ့ဖူးပါတယ်။

 

 

ပရိသတ်ကြီး‌ရေ ဆရာကြီးရဲ့ ပန်းချီအနုပညာတစ်ခုဖြစ်တဲ့ မြနှင်းရည်လွင် ရဲ့ပုံတူပန်းချီကားက လက်ရာမြောက်ရဲ့လား။ ကြိုက်နှစ်သက်တယ်ဆို

ရင် ပြန်လည်မျှဝေသွားပါအုန်းနော်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

 

 

MRTV-4 မှထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အဆိပ်သွေးဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု့ကို ပိုမိုရရှိလာခဲ့တဲ့ မြနှင်းရည်လွင် ဟာ လက်ရှိမှာခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ သူမဟာ အာဏာစသိမ်းတဲ့နေ့မှစပြီး အခုလက်ရှိအချိန်အထိတိုင် အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားအားထုတ်နေသူတစ်ဦးပဲဖြစ်ပါတယ်။ ပြည်သူတွေအားလုံး

အမှန်တရားအတွက် လမ်းမပေါ်ထွက် ဟစ်ကြွေးကြတဲ့အချိန်ကတည်းက ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့တဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရပေမယ့် မြနှင်းရည်လွင် ဟာ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတတ်ရောက်ပြီး လက်နက်ကိုင်စွဲပြီး ဆက်လက်တွန်းလှန်နေဆဲဖြစ်ပါတယ်။

မြနှင်းရည်လွင် ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မသိသူမရှိအောင် အရင်ကထက် ပိုမိုများလာပါတယ်။ သူမရဲ့ စိတ်ဓာတ်ကိုလေးစားပြီး သူမပုံကိုမြတ်နိုးတန်ဖိုးထားပြီး ဂုဏ်ပြုရေးဆွဲပေးကြတဲ့ ပန်းချီပညာရှင်များစွာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ နာမည်ကြီးပန်းချီဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာသစ္စာနီကိုယ်တိုင်ရေးဆွဲထားတဲ့ မြနှင်းရည်လွင် ရဲ့ပုံတူပန်းချီကားလေးကတော့

လက်ရာမြောက်ပြီး အသက်ဝင်လွန်းလှပါတယ်။ ပန်းချီကားလေးရဲ့ နာမည်လေးကိုတော့ “သူမ” လို့နာမည်ပေးထားပြီးတော့ မြန်မာနွေဦးတော်လှန်ရေးအတွက် ဆရာကြီးရေးဆွဲထားတဲ့ ၁၃ချပ်မြောက်ပန်းချီကားလေးပဲဖြစ်ပါတယ်။ ဒီပန်းချီကားလေးကိုတော့ မြနှင်းရည်လွင် ကသူမရဲ့ဖေ့ဘွတ်မှာ ပြန်လည်မျှဝေထားတာကိုလဲ တွေ့ရပါတယ်။ ဆရာကြီးဟာ လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့ အလှမယ် ထားထက်ထက် အတွက်လဲ ပုံတူပန်းချီရေးဆွဲပေးခဲ့ဖူးပါတယ်။

ပရိသတ်ကြီး‌ရေ ဆရာကြီးရဲ့ ပန်းချီအနုပညာတစ်ခုဖြစ်တဲ့ မြနှင်းရည်လွင် ရဲ့ပုံတူပန်းချီကားက လက်ရာမြောက်ရဲ့လား။ ကြိုက်နှစ်သက်တယ်ဆိုရင် ပြန်လည်မျှဝေသွားပါအုန်းနော်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

 

 

 celethatin