ထိုင်ဝမ်ကိုဖဲ့ထုတ်ရန်ကြိုးပမ်းလာပါက စစ်ပွဲဆင်နွှဲရန်တွန့်ဆုတ်နေမည်မဟုတ်ဟု အမေရိကန်ကို တရုတ်သတိပေး

တရုတ်အစိုးရသည်ငည် ထိုင်ဝမ်လွတ်လပ်ရေးကြေညာပါက ‘စစ်ပွဲဆင်နွှဲရန် တွန့်ဆုတ်နေမည်မဟုတ်’ဟု တရုတ်ကာကွယ်ရေးဝန်ကြီးက ယခုသတင်းပတ်သောကြာနေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီးကို သတိပေးပြောကြား လိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wei Fenghe သည် စင်္ကာပူတွင်ကျင်းပသည့် Shangri-La Dialogue လုံခြုံရေးထိပ် သီးအစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နှင့် အစည်းအဝေးပြင်ပ ပထမဆုံးမျက် နှာချင်းဆိုင်တွေ့ဆုံစဉ် အဆိုပါသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

“သတ္တိရှိရင် ထိုင်ဝမ်ကို တရုတ်ကနေဖဲ့ထုတ်ဖို့ကြိုးစားကြည့်ပါ။ တရုတ်က စစ်ပွဲဆင်နွှဲဖို့ လုံးဝတွန့်ဆုတ်နေမှာမဟုတ်ဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက အစည်း အဝေးအတွင်း ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာပြောခွင့်ရပုဂ္ဂိုလ် Wu Qian က ပြောကြားခဲ့သည်။

ဘေဂျင်အစိုးရသည် ထိုင်ဝမ်လွတ်လပ်ရေးကြေညာရန်ကြံစည်မှုအားလုံးကို မှုန့်မှုန့်ကြေအောင်ဖြိုခွင်းပြီး အမိမြေနှင့်ပြန်လည်ပေါင်းစည်းရေးကို ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးကဆိုသည်။

ထို့အပြင် “ထိုင်ဝမ်သည် တရုတ်နိုင်ငံပိုင်ဆိုင်သည့် ထိုင်ဝမ်သာဖြစ်သည်။ ထိုင်ဝမ်ကိုအသုံးချ၍ တရုတ်နိုင်ငံကို ထိန်းချုပ်ရန်ကြိုးပမ်းမှုသည် မည်သည့်အခါမျှ အောင် မြင်မည်မဟုတ်” ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။

အမေရိကန်-တရုတ်တင်းမာမှုသည် တရုတ်၏ အဆက် မပြတ်ခြိမ်းခြောက်မှုအောက်တွင် နေထိုင်ရသော ဒီမိုကရေစီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်နှင့်ပတ်သက်၍ မြင့်တက်လျှက်ရှိသည်။ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို ၎င်း၏ပိုင်နက်အဖြစ်ရှုမြင်လျှက်ရှိပြီး လိုအပ်ပါက အင်အားသုံး၍ သိမ်းယူမည်ဟုခြိမ်းခြောက်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးကလည်း ထိုင်ဝမ်ရေလက်ကြားတလျှောက်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအရေး ကြီးကြောင်း၊ တရုတ်၏လက်ရှိအခြေအနေကိုပြောင်းလဲရန်ကြိုးပမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် ထိုင်ဝမ်မတည်မငြိမ်ဖြစ်ပေါ်စေမည့်လုပ်ရပ်များကို ရှောင်ကြဉ်ရန် တရုတ်ကိုတောင်းဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

CRD
Burma Associated Press

Source – CAN/Malay Mail