စာတွေ ယူသုံးတဲ့ မေတ္တာရှင် (ရွှေပြည်သာ) ကို ဒဲ့ပြောလိုက်တဲ့ ဆရာကြီး ဦးတင်ညွန့်

စာပေအညွန့်ခူးခံလိုက်ရခြင်း – မနေ့က ကျွန်တော်စောစောစီးစီး စိတ်မကောင်းဖြစ်ရသည်။ ကျွန်တော့်ထံ ဖုန်းလာသည်။ မောက္ခစာအုပ်တိုက်ကဖြစ်သည်။ “မက်ဆင်ဂျာ ကနေ ပုံတွေပို့ထားတယ် … တစ်ချက်လောက်ကြည့်လိုက်ပါဦး”

ကျွန်တော်က ပို့ထားသော ပုံတွေကို ကြည့်လိုက်သည်။ ထိုဓာတ်ပုံများကိုကြည်ပြီး စိတ်မကောင်း ဖြစ်ရခြင်း။ မေတ္တာရှင် (ရွှေပြည်သာ) ကျွန်တော်လုံးဝမသိပါ။ ဆုံလည်း မဆုံဘူး။ စကားလည်း မပြောဘူး။ သေချာသည်ကတော့ သူ့ကို ကျွန်တော့်စာတွေ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခွင့် လုံးဝပေးမထားခြင်း။

ကျွန်တော့်ထံကို ထုတ်ဝေသူသားငယ်က ပို့လိုက်သည့် ပုံတွေထဲတွင် မေတ္တာရှင် (ရွှေပြည်သာ) ဆိုသူက ကျွန်တော် ဖေ့ဘုတ် ပေါ်တွင် ရေးသားထားသည် စာ ၅ ပုဒ်ကို ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ စာအုပ်အဖြစ် ထုတ်ကာ တစ်အုပ် (၄၀၀၀ ကျပ်) နှင့်ရောင်းနေခြင်း။

ဖေ့ဘုတ် ပေါ်တွင် တင်ထားသောစာများကို မူရင်းစာရေးသူ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားရှာ၍မရကြောင်း ကိုယ်တိုင်စာရေးနေသူ မေတ္တာရှင် (ရွှေပြည်သာ) အနေဖြင့် သိမည်ထင်ပါသည်။ ကျွန်တော် ဖေ့ဘုတ် ပေါ်တွင် စာများ ရေးနေသည်မှာ မိတ်ဆွေများကို ကျွန်တော် ဖတ်ဖူးသော အကြောင်း အရာများ၊ ကျွန်တော်တွေးမိသည်များကို အပြန်အလှန် စေတနာများဖြင့် မျှဝေနေခြင်း ဖြစ်ပါသည်။ မိတ်ဆွေ များကိုလည်း မိမိ ကိုယ်ကျိုးစီးပွား (ပိုက်ဆံရရေးအတွက်မဟုတ်လျှင်) လွတ်လပ်စွာ Share ခွင့်၊ Copy လုပ်ခွင့်တွေလည်း ပေးထားပါသည်။

ကိုယ်ကျိုးစီးပွားအတွက် လုပ်ခြင်းမဟုတ်လျှင် (လုံးဝ) ခွင့်တောင်းစရာ မလိုပါ။ အသိပညာကို ကျောင်းဆရာတစ်ဦးဖြစ်ခဲ့သည့် အားလျော်စွာ မျှဝေလိုသော စိတ်ရင်းစေတနာနှင့် ရေးနေခြင်းဖြစ်ပါသည်။ ကိုယ်ရေးသည့်စာကို ကိုယ်တာဝန်ယူ၊ တာဝန်ခံသည့်သဘော ဖြစ်စေရန် ကလောင် အမည်ကိုတော့ ထည့်ပေးစေချင်သည်။

ကျွန်တော်လည်း ဖေ့ဘုတ် ပေါ်တွင် စာတွေ ရေးနေသည်မှာ ပိုက်ဆံရ၍ရေးနေသည် မဟုတ်ပါ။ စာပေဝါသနာ၊ စာပေသစ္စာဖြင့် နေ့စဉ် ရေးနေခြင်းဖြစ်ပါသည်။ ထိုစိတ်ရင်းအတိုင်း မျှဝေသဖြင့်လည်း မည်သည့် ခံစားခွင့်မျှ မျှော်လင့်ခြင်းမရှိ။ ကျွန်တော့်ကို ချစ်ခင်ကြသူတွေက အကူအညီပေးမည်ဆိုလျှင်ပင် ကျွန်တော် အမျိုးမျိုးရှောင်ဖယ်နေသည်ကို ကာယကံရှင်များ သိကြပါသည်။ ရလို့လုပ်နေသည်ဆိုပြီး အထင်မခံ လိုသောကြောင့် ဖြစ်သည်။

ကျွန်တော့်ထံတွင် နှစ်ကာလကြာရှည်စွာ ကိုင်တွယ်သုံးစွဲနေသည့် ကွန်ပျူတာက ချူချာစပြုပြီ။ ကွန်ပျူတာ ပျက်လျှင် ခေါင်းကိုက်တတ်သည်ကို ရေးမိသောကြောင့် ကျွန်တော့်ကို ချစ်ခင်သော စာပေဝါသနာရှင်များက ကွန်ပျူတာလှူပါရစေဟု စာဖြင့်တစ်မျိုး၊ ဖုန်းဖြင့်တစ်နည်း အမျိုးမျိုးပူဆာသည်ကိုပင် ကျွန်တော် လက်မခံခဲ့ပါ။

ဖေ့ဘုတ် ပေါ်တွင် စာတွေရေးနေသဖြင့် ထိုစာများသည် စာရေးသူနှင့် မဆိုင်၊ မပိုင်ဟု မထင်ကြစေလိုပါ။ စာတစ်ပုဒ်ရေးရသည်မှာ လွယ်၊ မလွယ် ကိုယ်တိုင်အားထုတ်ဖူးသူများ သိနိုင်ပါသည်။ ကျွန်တော်ဆိုလျှင် မနက်တိုင်း စာတစ်ပုဒ်တင်နိုင်ရန်အတွက် တစ်နေကုန် စာဖတ်ရသည်များရှိသည်၊ တစ်ညလုံး စာဖတ်ရ သည်များလည်း ရှိသည်။ စိတ်ထဲက ရှိသည့်အတိုင်း ဝေါခနဲ ထွက်ကျလာရန်ဆိုသည်မှာ ကျွန်တော် အချိန် များစွာ တည်ဆောက်ခဲ့ရခြင်း၏ ရလဒ်များ၊ ဖတ်မှတ်အားများကြောင့်ဖြစ်သည်။ ကျွန်တော်ပေးဆပ်ခဲ့ရသော အရင်းအနှီးတွေကို ကျွန်တော်ပဲသိသည်။ ကျွန်တော့်ကို မလေးစားချင် နေပါ၊ ကြိုးပမ်းအားထုတ်မှု တစ်ခုကိုတော့ အသိအမှတ်ပြုသင့်ပါသည်။

ကျွန်တော် နေ့စဉ် စာများကို အေးဆေးစွာ ရေးနိုင်ရန်အတွက် ကျွန်တော့်ကို မောက္ခစာအုပ်တိုက်မှ သားငယ်ဖြစ်သူက လိုလေသေးမရှိစေရန် ကျွေးမွေးစောင့် ရှောက်ထားပါသည်။ ထို့ကြောင့် ကျွန်တော် ရေးသမျှ စာများကိုလည်း သူ့ကို မူပိုင်ခွင့် ပေးထားပြီးဖြစ်သည်။ သူထုတ်ချင်သည့်အချိန်တွင် ထုတ်ချင်သည့် စာကို ထုတ်ခွင့်ရှိသည်။ ကျွန်တော့်စာများ ထုတ်ဝေခွင့်ကိုလည်း သူကလွဲပြီးမည်သူ့ကိုမျှ ပေးမထား။

ကျွန်တော် ဖေ့ဘုတ် ပေါ်တွင် ရေးသားသော ဝတ္ထုတိုလေးတွေကိုလည်း အချို့သောသူများက ရုပ်ရှင်ရိုက်ရန် ဆိုကာ ဝယ်ယူထားပြီးဖြစ်ပါသည်။ ထိုစာများမှာ Facebook ပေါ်တွင်ရေးထားသဖြင့် ကျွန်တော်မပိုင်ဟု ထင်ကာ လုပ်ချင်တိုင်းယူလုပ်ခွင့် မရှိပါ။ ကျွန်တော် ရုပ်ရှင်အဖြစ်ရောင်းထားသော စာများစွာလည်း ရှိပါသည်။ ထိုစာများကိုသာ သွားထိလျှင် ငြိကုန်လိမ့်မည်။

မေတ္တာရှင် (ရွှေပြည်သာ) က “နှလုံးသားကိုထိစေသောစာများ” ဆိုသည့် အမည်ဖြင့် ထုတ်ဝေနေသော စာအုပ်ထဲတွင် ကျွန်တော် Facebook ပေါ်၌ ရေးသားထားသည့် စာ ၅ ပုဒ် ပါဝင်နေသည်။ တစ်ပုဒ်တည်းဆိုလျှင် ဤစာကို ရေးစရာအကြောင်းမရှိ။ (၁) အရွေ့ (၂) တကယ်နားလည်မှ သင်ကြပါ (၃) စာမေးပွဲကျသူ (၄) အစုန်အဆန် (၅) အာဏာရှင်မလာရ၊ ထိုစာများသည် မကြာမီ ကျွန်တော့်အမည်ဖြင့် ထုတ်ဝေမည့် စာအုပ်အတွက် မောက္ခစာအုပ်တိုက်ကို ရောင်းပြီး ဖြစ်ရုံမက၊ ငွေလည်းထုတ်သုံးထားပြီး ဖြစ်ပါသည်။

မေတ္တာရှင် (ရွှေပြည်သာ) က ရှေ့ကပိတ်ပြီး ကျွန်တော့်စာများကို အညွန့်ခူးစားလိုက်သည့်အခါတွင် ကျွန်တော် စာအုပ်ထုတ်သည့်အခါ ပရိသတ်က မည်သို့ ထင်ကြမည်နည်း။ ဒီစာရေးဆရာ ဟိုမှာလည်း လုပ်စား၊ သည်မှာ လည်းလုပ်စားသည်ဟု မထင်ပါပြီလော။

စာရေးသူတိုင်းတွင် သူတို့ စိတ်ကူးလေးတွေရှိပါသည်။ ကျွန်တော့်စိတ်ကူးတွေပါရပ်သွားရသည်။ ထိုစာအုပ်ထဲတွင် ကျွန်တော် တစ်ဦးတည်းမဟုတ်ပါ အခြားသော စာရေးဆရာပေါင်းများစွာ၏ စာမူတွေ ကိုလည်း ယူသုံးထားပါသည်။ သူတို့နှင့် မည်သို့ညှိနှိုင်းပြီး အပေးအယူရှိသည်ကို ကျွန်တော်မသိ။ အခြားစာရေး ဆရာများထဲတွင် သန်းမင်းထွန်း၊ ညီညီဇော်၊ ပီသ၊ ဦးရွှေအောင်၊ ကျော်ဟိန်း၊ ဦးရဲထွဋ်၊ အရှင်ပုည၊ မောင်စွမ်းရည်၊ ထန်းတပင်စန်းလွင်၊ လောကပါလ၊ ကိုစိုးထိုက် (ဖဒို)၊ မင်းလူ၊ ဂုံပဝါ (မြန်အောင်)၊ ညီမင်းညို၊ စိန်မွတ္တား၊ သရဝဏ် (ပြည်)၊ ခင်မောင်နှင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ မင်သေ့၊ အောင်သင်း၊ မောင်သော်က၊ ကောင်းကင်ထက်က ကြယ်စင်၊ အရှင်ပညာသီရိ၊ ဖန်မီးအိမ်၊ ဦးရန်အောင် တို့၏ စာများလည်း ပါဝင်နေသည်။ ကျွန်တော် တစ်ဦးတည်းက ၅ ပုဒ်။

ကျွန်တော်နှင့်မသိသော မေတ္တာရှင် (ရွှေပြည်သာ) က ကျွန်တော် ခွင့်ပြုမထားသည့် စာများကို မည်သို့မည်ပုံ၊ မည်သည့်သဘောဖြင့်ယူကာ ထုတ်ဝေနေသည်မသိပါ။ စာပေဆိုင်ရာ မူပိုင်ခွင့်နှင့် ဥပဒေများကို နားမလည်၍တော့ ဟုတ်ဟန်မထင်ပါ။ သူလည်း စာရေးနေသူတစ်ဦး ဖြစ်ပါသည်။

စာရေးသူတစ်ဦး၏ စာအုပ်ကို ထုတ်ဝေချင်သည်ဆိုလျှင် စာရေးသူနှင့် ဦးစွာကြိုတင် ညှိနှိုင်းရပါသည်။ ဉာဏ်ပူဇော်ခငွေကြေး ရာခိုင်နှုန်းကအစ၊ ဒီဇိုင်းအဆုံး၊ ထုတ်ဝေသည့်အရေအတွက်ပါမကျန် ကြိုတင်ညှိနှိုင်း ပြီးမှ ထုတ်ရပါသည်။ ယခုလို ယူချင်တိုင်းယူ၊ ထုတ်ချင်တိုင်းထုတ်၊ စာရေးသူ၏ ခွင့်ပြုချက်မလို လုပ်ခွင့်များ ရှိပါသလား ? လုပ်လို့ရပါသလား ?

ကျွန်တော်လေးစားရသော မူပိုင်ခွင့်ရှေ့နေကြီးများဖြစ်သည့် ဆရာဦးသန်းမောင် (စစ်တွေ)၊ ဆရာ ဦးမောင်မောင် (မော်ကျွန်း) တို့ ဖြေပေးကြပါဦးခင်ဗျာ။ (တင်ညွန့်)

သို့ မနက်ကရေးလိုက်သည့် စာနှင့်ပတ်သက်၍ မေတ္တာရှင် (ရွှေပြည်သာ) အား သိစေအပ်ပါသည်။ မိမိ တစ်ဦးတည်း၏ စိတ်ထားဖြစ်သည်။ (၁) တောင်းပန်ရန် မလိုပါ (၂) ငွေကြေးပေးရန် မလိုပါ (၃) တရားလည်းမစွဲပါ (၄) လမ်းမှာတွေ့လျှင်ပင် အားနာပါးနာ လုပ်ပြစရာ မလိုပါ (၅) နောက်နောင် စာရေးသူများကို ကိုယ်ချင်းစာပေးပြီး စာပေအနုပညာလက်ရာများကို အလွဲသုံးစား မလုပ်လျှင် တော်ပါပြီ။ စာရေးသူအချင်းချင်း လေးစားလျက် တင်ညွန့် (၁၂.၆.၂၀၂၂)

Zawgyi